ယေရှုရှင်ကို ထပ်ကြည့်လိုက်ပါ
သစ္စာရှိသူကို ပြပါဆိုလျှင် ညီအစ်ကို ဂျပ်စတစ်ကို ပြရမည်ပင်။ အိမ်ထောင်၌သစ္စာရှိသူ၊ တာဝန်ကို လေးစားကျေပြွန်သောစာတိုက်ဝန်ထမ်း၊ အသင်းတော်ခေါင်းဆောင်တစ်ဦး အဖြစ် တနင်္ဂနွေနေ့တိုင်း သူ့နေရာသူယူသည်။ ကျွန်တော်ငယ်စဉ်က တက်ရောက်ခဲ့သော ထိုအသင်းတော်သို့ မကြာမီက သွားရောက်တရားဟောခဲ့ရာ၊ သမ္မာကျမ်းစာ လေ့လာခြင်းအချိန် ပြီးဆုံးတော့မည့်အကြောင်း အချက်ပေး သည့် ညီအစ်ကို ဂျပ်စတစ် တီးလေ့ရှိသည့် ခေါင်းလောင်းကို စန္ဒယားခုံပေါ်တွင် တွေ့ရသည်။ ခေါင်းလောင်းက မပျောက်မပျက် ရှိနေဆဲဖြစ်သည်။ ညီအစ်ကို ဂျပ်စတစ် တစ်ယောက် သခင်ဘုရားထံပါး ဘုန်းတော်ဝင်စားခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့သည့်တိုင် သူ၏ယုံကြည်ခြင်း အမွေအနှစ်ကလည်း တည်နေဆဲဖြစ်သည်။
ဟေဗြဲသြ၀ါဒစာ အခန်းကြီး ၃ တွင် သစ္စာရှိသော အစေခံနှင့် သစ္စာရှိသောသား အကြောင်းက ဖတ်ရှုသူ၏ စိတ်အာရုံကို ဆွဲဆောင်ဖမ်းစားသည်။ မောရှေသည် ဘုရားသခင်၏သစ္စာရှိသော အစေခံဖြစ်ကြောင်း ငြင်းဆို ဖွယ်ရာ မရှိသော်လည်း ယုံကြည်သူများက သခင်ယေရှုနှင့်…
လူသားတိုင်းအတွက် ခြုံလွှာ
Peanuts ကာတွန်းမှ အဓိကဇာတ်ဆောင် Linus Van Pelt သည် လင်းနက် ဟူ၍သာPeanuts ကာတွန်းမှ အဓိကဇာတ်ဆောင် Linus Van Pelt သည် လင်းနက် ဟူ၍သာလူသိများသည်။ သူသည် ဉာဏ်နီဉာဏ်နက်များပြီး ပါးနပ်သော်လည်း လင်းနက် သည် သူသွားလေရာသို့ လုံခြုံရေးစောင်ကို အမြဲသယ်သွားသည်။ ကျွန်ုပ်တို့လည်း မိမိတွင် ကိုယ်ပိုင်ကြောက်လန့်မှုများ၊ မလုံခြုံမှုများရှိကြောင်းကို သိမှတ်ဝန်ခံရပါမည်။
တမန်တော် ပေတရုသည်လည်း ကြောက်ရွံ့ခြင်း အကြောင်းကို သိသည်။ သခင်ယေရှု ဖမ်းဆီးခံရစဉ် ယဇ်ပရောဟိတ်မင်း၏တရားခုံရုံးထိတိုင် သခင့်နောက်တော်သို့ လိုက်ခဲ့ခြင်းဖြင့် သူ၏သတ္တိကို ပြခဲ့သည်။ ထိုနောက် သူသည် ကြောက်ရွံ့သဖြင့် လိမ်လှည်ပြောဆိုခဲ့သည် (ယော ၁၈း၂၅-၂၆)။ သခင်ဘုရားကို ငြင်းပယ်သော ဆိုးဝါးသည့်စကားကို ပြောခဲ့သည်။ သို့သော် သခင်က ပေတရုအပေါ်တွင် မေတ္တာ မပျက်ခဲ့သည့်အပြင် သူ့ကို ပြန်လည်နှစ်သိမ့်ပြုပြင်ပေးခဲ့ သည်။…
ငါ့ကို မစခြင်းအကြောင်း
ဂုဏ်သတင်းမွှေးသည့် Brooklyn Tabernacle သံစုံအဖွဲ့သည် ၀ိညာဉ်ရေးကို အားဖြည့်ပေးသော ဓမ္မတေးသီချင်းများအားဖြင့် ဆယ်စုနှစ်များစွာအတွင်း လူများစွာ အတွက် ကောင်းချီးမင်္ဂလာများစွာ ဖြစ်စေခဲ့သည်။ ဥပမာ - ဆာလံ ၁၂၁ ကို အခြေပြုသည့် ‘‘ငါ့ကို မစခြင်းအကြောင်း’’ ဟူသည့် သီချင်းသည် စိတ်ဝိညာဉ်ကို ရွှင်လန်းငြိမ်ဝပ်စေသည်။
ဆာလံ ၁၂၁ တွင် ‘အရာခပ်သိမ်းကို ဖြစ်တည်စေသောဘုရားသခင်၌ ယုံကြည်ကြောင်း’ လူတစ်ဦး၏၀န်ခံချက်ဖြင့် အစပြုထားသည်။ အရာခပ်သိမ်းကို တည်ရှိတည်စေသူသည် ဆာလံဆရာ၏ မစခြင်းအကြောင်း ပေါ်ထွက်ရာ အရင်းအမြစ်ဖြစ်သည် (း၁-၂)။ ဆိုလိုသည်မှာ တည်ငြိမ်မှု (း၃)၊ အချိန်ပြည့် ဂရုပြုမှု (း၃-၄)၊ အစဉ်တည်ရှိခြင်းနှင့်ကွယ်ကာခြင်း (း၅-၆)၊ ယခုဘ၀နှင့် ထာဝရကာလအတွက် မကောင်းမှုမှန်သမျှမှ စောင့်ထိန်းပေးမှုတို့ကို (း၇-၈)ဘုရားသခင်ပေးနေသည်။
သမိုင်းတစ်လျှောက် ဘုရား၏လူများသည် နှုတ်ကပတ်တော်မှ အထောက်အထား များကို ယူပြီး သခင်သည် သူတို့၏မစခြင်းအရင်းအမြစ်ဖြစ်ကြောင်း သီချင်းများအားဖြင့် ဖော်ပြကြသည်။…
ဤသူကား အဘယ်သို့သောသူနည်း
‘‘စားပွဲပေါ်က ပစ္စည်းတွေအားလုံး သိမ်းပြီး စာရွက်နဲ့ခဲတံပဲ ထုတ်ထားပါ’’ ဟူသည့် စကားက ‘‘အစမ်းစာမေးပွဲ စစ်ဆေးမှုအချိန်ရောက်လာကြောင်း ကြေငြာလိုက်သည့် ထိတ်လန့်စရာစကားဖြစ်သည်။
မာကုအခန်းကြီး ၄ တွင် သခင်ယေရှု၏ တစ်နေ့တာအစမှာ ဂါလိလဲအိုင်အနီးတွင် သွန်သင်မှုဖြင့် အစပြုပြီး၊ ဂါလိလဲအိုင်တွင်း စစ်ကြောခံရ ခြင်းဖြင့် အဆုံးသတ်သည်။ သခင်ယေရှု ဟောပြောသွန်သင် သည့် နေရာအဖြစ် အသုံးပြုသောလှေမှာ ကိုယ်တော်နှင့် သူ၏တပည့်တော် လက်တစ်ဆုပ်စာကို တစ်ဖက်ကမ်းသို့ ပို့ဆောင်ရသေးသည်။ တစ်ဘက်ကမ်းသို့ကူးစဉ် ပင်ပန်း နေသောသခင်က လှေနောက်ပိုင်း၌ အိပ်ပျော်နေပြီး ထိုစဉ်မုန်တိုင်းကျလေသည် (း၃၇)။ အစောပိုင်းက လူပရိသတ်တို့ကို ‘‘နားထောင်ကြလော့’’ (း၃) ဟူ၍ သခင် မိန့်တော်မူခဲ့သည်။ ယခု ‘‘တိတ်ဆိတ် ငြိမ်ဝပ်စွာနေ’’ ဟု လေနှင့် ပင်လယ်ကို ဆုံးမတော်မူချက်မှာ (း၃၉) ထိုသခင်၏ ရိုးစင်းပြီး တန်ခိုးနှင့်ပြည့်စုံသည့်အမိန့်တော် ဖြစ်သည်။
လေသည်…